လ - ဒီဇင်ဘာ 2022

အဖိုးတန်ဆုတောင်း

Clark's Nutcracker (သစ်တောက်ငှက်)သည် အံ့ဩဖွယ်ကောင်းသည့် ငှက်တစ်မျိုးဖြစ်သည်။ ၄င်းသည် တစ်ကြိမ်လျှင် ထင်းရှူးစေ့ ၄-၅ စေ့နှုန်းဖြင့် တစ်နာရီလျှင် ထင်းရှူးစေ့ ၅၀၀ ခန့်ကို ဝှက်သိုခြင်းဖြင့် ဆောင်းရာသီအတွက် နှစ်စဉ် ပြင်ဆင်လေ့ရှိသည်။ ထို့နောက် လများကြာပြီးနောက် ထူထပ်သောနှင်းအောက်၌ ရှိနေစေကာမူ အစေ့များကို ပြန်ဖော်ရန် ပြန်လာသည်။ ထိုငှက်များသည် သူအစေ့များဝှက်ထားသည့် နေရာတစ်သောင်းကျော်ကို မှတ်မိနေခြင်းမှာ အံ့ဩဖွယ်ထူးခြားမှုပင် (အထူးသဖြင့် ကျွန်ုပ်တို့ လူသားတို့ ကားသော့၊ မျက်မှန် စသည်တို့ကို ဘယ်မှာထားမိမှန်း မမှတ်မိသည့်အခက်အခဲကို စဉ်းစားမိချိန်မျိုး ဆိုပါစို့)။

သို့သော် ဤမယုံနိုင်လောက်သည့် မှတ်ဉာဏ်အစွမ်းသည် ကျွန်ုပ်တို့၏ ဆုတောင်းများကို မှတ်မိနေသည့် ဘုရားသခင်၏အစွမ်းနှင့် နှိုင်းယှဉ်သော် မှေးမှိန်သွားပါသည်။ ကိုယ်တော်သည် စိတ်ရင်းဖြင့်တောင်းသော ဆုတောင်းတိုင်းကို သိရှိ၊ သိမြင်နိုင်စွမ်း ရှိသည်၊ မှတ်မိသည်၊ နှစ်များကြာသွားစေကာမူ ၄င်းဆုတောင်းများကို အဖြေပေးပါသည်။ ဗျာဒိတ်ကျမ်း၌…

မကျိန်ဆဲရ

William Shakespeare (ဝီလျံရှိတ်စပီးယား)သည် ဆဲရေးစော်ကားမှုအပေါင်း၏ အရှင်ဖြစ်သည်။ ဤ‘အရည်အသွေး’ကို သရုပ်ဆောင် Barry Kraft (ဘာရီခရဖ်)က သူ၏ ‘Shakespeare Insult Generator’ (ရှိတ်စပီးယား စော်ကားမှုထုတ်စက်) စာအုပ်ဖြင့် ကျွမ်းကျင်စွာ ထုတ်နုတ်ပြခဲ့သည်။ ၎င်းတွင် ရှိတ်စပီးယား ပြဇာတ်ထဲမှ မထင်မရှားရှုတ်ချမှုများကို ထည့်သွင်းထားသည်။ ဥပမာအားဖြင့် “ငကြွားကောင်၊ ငတုံးကောင်” ဟု တစ်စုံတစ်ယောက်ကို ချိုးဖဲ့ပြောလိုက်ခြင်းက လိမ္မာပါးနပ်စွာဖြင့် “မင်းတော်တော်လေး ကြွားပြီး တုံးတာပဲ၊ လူယုတ်မာ” ဟုပြောခြင်းပင် ဖြစ်သည်။

ခရဖ်၏ ပေါ့ပေါ့ပါးပါးဖတ်ရှုစရာ စာအုပ်သည် ဖတ်ပျော်သည်။ သို့သော် ရှေးအခါက မောဘရှင်ဘုရင်သည် ဣသရေလလူမျိုးများကို စော်ကားဆဲရေးရုံသာ မက ကျိန်ဆဲရန် ထူးခြားသည့်ပရောဖက်တစ်ပါးကို အခကြေးပေးကာ စေခိုင်းခဲ့သည်။ “သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဖို့ကျိန်ဆဲပါ” (တော ၂၂:၆) ဟု…

ယုံကြည်ခြင်းဖြင့် ခိုင်မာစွာရပ်တည်နေခြင်း

Nokia (နိုကီယာ)သည် ၁၉၉၈ တွင် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ပြီး ၁၉၉၉ တွင် အကျိုးအမြတ်ပေါင်း ၄ ဘီလီယံဒေါ်လာ နီးပါးထိ ရရှိခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် ရောင်းအားကျဆင်းလာခဲ့ပြီး၊ နာမည်ကျသွားသည့် ဖုန်းကုမ္ပဏီကို Microsoft (မိုက်ခရိုဆော့ဖ်)ကုမ္ပဏီမှ လွှဲပြောင်းရယူခဲ့သည်။ နိုကီယာ ဖုန်းကုမ္ပဏီ ကျရှုံးခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ ဆိုးရွားသည့်ဆုံးဖြတ်ချက်များကိုဖြစ်စေသည့် ကြောက်ရွံ့မှုကို အခြေခံသည့် ကုမ္ပဏီ၏ထုံးတမ်းကြောင့်ဖြစ်သည်။ မန်နေဂျာများသည် အလုပ်ဖြုတ်ခံရမှာစိုးသည့်အတွက် နိုကီယာ၏ အတွင်းပိုင်းစက်လည်ပတ်ရေးစနစ် ပရိုဂရမ်နှင့်အခြားဒီဇိုင်းပိုင်းဆိုင်ရာ ပြဿနာများကို အမှန်တိုင်းပြောရန် တွန့်ဆုတ်ခဲ့ကြသည်။

ယုဒရှင်ဘုရင်အာခတ်နှင့်သူ၏လူများသည် “တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့” (ဟေရှာ ၇:၂) ကြောက်ရွံ့နေခဲ့ကြသည်။ ဣသရေလ ရှင်ဘုရင်နှင့် ရှုရိရှင်ဘုရင်တို့ ပူးပေါင်းပြီး ယုဒပြည်ကိုသိမ်းပိုက်ရန် စစ်ချီလာကြောင်း သူတို့သိကြသည် (:၅၊ ၆)။ ရန်သူများ၏အကြံအစည် အောင်မြင်မည်မဟုတ်ကြောင်း အာခတ်မင်းကို အားပေးပြောကြားရန် ဘုရားသခင်သည်…

ခရစ်စမတ်၏အံ့ဖွယ်ရာ

ပစ္စည်းဟောင်းရောင်းချသည့်နေရာတွင် ကတ်ထူစက္ကူဗူးဟောင်းထဲ၌ ဖွားမြင်စခရစ်တော်အရုပ်လေးကို ကျွန်မတွေ့လိုက်သည်။ သူငယ်တော်အရုပ်လေးကို ကျွန်မကောက်ကိုင်လိုက်စဥ် အရုပ်၏ခန္ဓာကိုယ် အနုစိတ်လက်ရာကို သတိထားမိသည်။ ဤမွေးကင်းစကလေးငယ်ကို စောင်နှင့် မထွေးပိုက်ထားသလို မျက်လုံးများလည်း မမှိတ်နေပါ။ သူကလေးနိုးနေပြီး စောင်ထဲမှ တစ်ပိုင်းတစ်စ ထွက်နေပြီး လက်ကလေးဆန့်လျက် “ကျွန်တော်ဒီမှာ” ဟုပြောနေသယောင်ယောင်ပင်။

ဤရုပ်တုငယ်လေးသည် ခရစ်စမတ်၏အံ့ဖွယ်ရာဖြစ်သော ဘုရားသခင်၏ သူ၏သားတော်ကို လူ့ဇာတိခန္ဓာနှင့် မြေကြီးပေါ်စေလွှတ်ခြင်းကို ပြနေသည်။ ‌ယေရှု၏ခန္ဓာကိုယ်ပေါက်စလေး ကြီးပြင်းလာစဥ် သူ၏လက်သေးသေးများက အရုပ်များနှင့်ကစားခဲ့ပြီး၊ တဖြည်းဖြည်းနှင့် ပညတ္တိကျမ်းများကို စတင်ကိုင်တွယ်လာကာ သူ၏သာသနာခရီးမစတင်ခင် ပရိဘောဂများကို ပြုလုပ်ခဲ့သည်။ မွေးစက ဖောင်းတစ်တုတ်ခိုင်ခဲ့သော သူ၏ခြေထောက်လေးများက သွန်သင်ခြင်းအမှုပြုရန်နှင့် အနာရောဂါများငြိမ်းစေရန် တစ်နေရာမှတစ်နေရာဆီသို့ သူ့ကိုပို့ဆောင်ပေးခဲ့သည်။ သူ့ဘဝနောက်ဆုံးအချိန်တွင် လက်ဝါးကပ်တိုင်၌ သူ၏ခန္ဓာကိုယ်ကို ကပ်ထားရန် ဤလူ့ဇာတိ ခြေထောက်နှင့်လက်များကို သံမှိုနှင့်ရိုက်ခဲ့ရသည်။

“အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏”…

လုံလောက်ရုံ

‘Fiddler on the roof’ (ခေါင်မိုးပေါ်တွင် တယောထိုးသူ) ဇာတ်ကားတွင် ဇာတ်ဆောင် Tevye (ထက်ဗီ)သည် ဘုရားသခင်အား “ကိုယ်တော်ဟာ ဆင်းရဲသားတွေကို အများကြီး အများကြီး ဖန်ဆင်းထားတာပဲ။ ဆင်းရဲတာက ရှက်စရာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပေမဲ့ ဂုဏ်ယူရမဲ့အရာလည်း မဟုတ်ပါဘူး။ ဒါဆို ကျွန်တော့်မှာ ဥစ္စာနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လောက်ဆိုးရွားနိုင်မလဲ။ အကယ်၍ ချမ်းသာတဲ့သူဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ထာဝရအကြံစည်တော်ကို ပျက်စီးသွားစေနိုင်မှာလား”ဟု သူ၏စီးပွားရေးအကြောင်း ရိုးသားစွာပြောခဲ့သည်။

ထက်ဗီ နှုတ်မှ ထိုရိုးသားသည့် စကားလုံးများပြောရန် စာရေးဆရာ Sholem Aleichem ‌(ရှောလမ်အလေးခမ်) မရေးသားမီ ရှေးရာစုနှစ်များစွာက အာဂုရမင်း ၏ အလားတူ ရိုးသားမှုရှိပြီး ကွဲပြားသောဆုတောင်းချက်ကို သုတ္တံကျမ်းတွင် တွေ့ရသည်။ အာဂုရမင်းသည် ဘုရားသခင်ထံမှ ဆင်းရဲခြင်းကို မတောင်း၊ ချမ်းသာခြင်းကိုလည်း မတောင်းဆိုဘဲ နေ့စဉ် “အသက်မွေးလောက်သောအစာ” ကိုသာ ပေးရန် တောင်းဆိုခဲ့သည် (သု…